၂၅ ဇွန်
အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၃၅,၉၀ဝ ကျော်ရှိကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ မှတ်တမ်းအရ သိရပါတယ်။
ဘာတီမိုးမှာ ရှိတဲ့ ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ မှတ်တမ်းအရ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ ည ၈:၃၀ အချိန် ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး အနေနဲ့ ရောဂါပိုးတွေ့ရှိသူ ၂ ဒသမ ၄ သန်းနီးပါး ရှိကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံရဲ့ ပြည်နယ်ပေါင်း ၅၀ ရဲ့ တစ်ဝက်နီးပါးတွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်မှာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း သိသိသာသာ များပြားနေကြောင်း၊ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူများပြားတဲ့ ပြည်နယ်တစ်ဝက်နီးပါးတွင် တက္ကဆက်နဲ့ ဖရော်ရေဒါ ပြည်နယ်တွေ ပါဝင်နေကြောင်း နေ့စဉ်မှတ်များအရ သိရပါတယ်။
ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၇၅၆ ဦးရှိရာ သေဆုံးသူ စုစုပေါင်း ၁၂၁,၉၃၂ ဦး ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP