၁၄ မေ
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၁,၈၁၃ ဦး သေဆုံးတဲ့အတွက် သေဆုံးသူ စုစုပေါင်း ၈၄,ဝ၅၉ ဦးရှိသွားကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်က ထုတ်ပြန်တဲ့မှတ်တမ်းအရ သိရပါတယ်။
အမေရိကန်နိုင်ငံဟာ ကပ်ရောဂါပိုးဒဏ်ခံရဆုံး နိုင်ငံဖြစ်ပြီး ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၁,၃၈၉,၉၃၅ ဦးအထိ ရှိသွားပြီလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဝါရှင်တန်မြို့တော်ဝန်က လာမယ့်သောကြာနေ့မှာ ကုန်ဆုံးမယ့် အသွားအလာပိတ်ဆို့မှုကို ဇွန်လ ၈ ရက်နေ့အထိ ဆက်လက်တိုးမြှင့်လိုက်ကြောင်း ထုတ်ပြန်ပါတယ်။ ဝါရှင်တန်တစ်နေရာတည်းမှာပင် ၂၄ နာရီအတွင်း ရောဂါပိုးကူးစက်ခံရသူ ၆,၅၈၄ ဦး ရှိပြီး ၃၅၀ဦး သေဆုံးကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP