၁၇ ဒီဇင်ဘာ

 

အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း  ရောဂါပိုးတွေ့ရှိသူ ၂၅၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၇,၀၀၀ ကျော်ရှိကြောင်း  ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်မှု အများဆုံးနိုင်ငံမှာ ပိုးကူးစက်နှုန်း များနေတာ တစ်လကျော် ကြာနေပြီဖြစ်ပြီး ဆေးရုံတွေမှာ ခံနေရသူ ၁၁၃,၀၀၀ နီးပါး ရှိနေကြောင်း ကျန်းမာရေးနဲ့ လူမှု ဝန်ဆောင်မှု ဌာနရဲ့ အချက်အလက်အရ သိရပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်ကစပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ များနေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၁ ရက်အတွင်းမှာ နေ့စဉ်ပိုး တွေ့ရှိသူ ၂၀၀,၀၀၀ ကျော် ရှိနေတာကိုလည်း တွေ့ရပါတယ်။

 

ဗိုင်းရပ်စ် ရောဂါပိုးကြောင့် ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ပါရှိတဲ့ သေဆုံးသူဟာ ၃,၇၈၄ ဦးရှိကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ် က  ထုတ်ပြန်ပါတယ်။

 

နိုဝင်ဘာလမှာ ကျရောက်ခဲ့တဲ့ ကျေးဇူးတော်နေ့ အခမ်းအနား နောက်ပိုင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များလာတဲ့အတွက် လာမယ့် ခရစ်စမတ် ပွဲတော်နဲ့ နှစ်သစ်ကူးပွဲတော် နောက်ပိုင်းဖြစ်လာမယ့် အခြေအနေကို ကျွမ်းကျင်ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

 

ပြီးခဲ့ တနင်္လာနေ့ကစပြီး Pfizer-BioNTech ဆေးကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေးကို စတင်ထိုးနှံပေးနေပေမယ့် လုံလောက်တဲ့ လူဦးရေကို ကာကွယ်ဆေး ထိုးနှံပေးဖို့ဆိုတာ လချီပြီး ကြာနိုင်တာကို တွေ့ရပါတယ်။

 

အမေရိကန် နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်ခံရသူ ၁၇,၃၉၂,၆၁၈ ဦး ရှိပြီး  ပြန်လည်ကောင်းမွန်လာသူ ၁၀,၁၇၀,၇၃၅ ဦးနဲ့ ၃၁၄,၅၇၇ ဦး သေဆုံးကြောင်း နောက်ဆုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

ကိုးကား - AFP