၅ မေ

 

 အမေရိကန်နိုင်ငံမှာ  ၂၄ နာရီအတွင်း သေဆုံးသူ ၁,၀၁၅ ဦး ရှိပေမယ့် သေဆုံးသူ အရေအတွက်ဟာ တစ်လအတွင်းမှာ အနည်းဆုံး ဖြစ်လာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ဒီနေ့(အင်္ဂါနေ့)မှာ ထုတ်ပြန်တဲ့  မှတ်တမ်းအရ သိရပါတယ်။

 

ရောဂါပိုးကူးစက်ခံရသူပေါင်း ၁.၁၇ သန်းကျော်ရှိကြောင်း နဲ့ သေဆုံးသူ ၆၈,၆၈၉ ဦး ရှိကြောင်း မေရီလန်းပြည်နယ် ဘာတီမိုးမြို့အခြေစိုက် ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ မှတ်တမ်းအရသိရပါတယ်။

 

သမ္မတဒေါ်နယ်ထရန့်က သိပ္ပံပညာရှင်အချို့ရဲ့ ထင်မြင်ချက်အရ  ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အဆိုးရွားဆုံး အနေနဲ့ အမေရိကန်နိုင်ငံမှာ လူပေါင်း ၁၀၀,၀၀၀ လောက်သေဆုံးနိုင်ကြောင်း၊ လာမယ့် လ ဟာ အဆိုးရွားဆုံး ဖြစ်နိုင်မယ်လို့ ထင်မြင်ကြောင်း ပြောပါတယ်။

 

သမ္မတရဲ့ အိမ်ဖြူတော်က ကိုဗစ်-၁၉ ရောဂါကြောင့် အမေရိကန်မှာ ၁၀၀,၀၀၀ ကနေ ၂၄၀,၀၀၀ လောက် သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။

 

MDN
ကိုးကား - AFP