၃၀ ဇူလိုင်
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ တစ်သိန်းခွဲကျော်သွားကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။ ဘရာဇီးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၉၀,ဝ၀ဝ ကျော်နဲ့ ဒုတိယ သေဆုံးသူ အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။
ဉရောပနိုင်ငံတွေက သူတို့နိုင်ငံတွေဆီကို လာရောက်ခွင့်ရတဲ့ နိုင်ငံများစာရင်းကို သီတင်းနှစ်ပတ်တစ်ကြိမ် အင်္ဂါနေ့က ပြန်လည် သုံးသပ်ရာ အမေရိကန်နိုင်ငံ မပါဝင်ကြောင်း သိရပါတယ်။ ဉရောပနိုင်ငံတွေက ပြုစုထားတဲ့ လုံခြုံတဲ့ နိုင်ငံတွေထဲမှာ ဩစတြေးလျ၊ ကနေဒါ၊ ဂျော်ဂျီယာ၊ ဂျပန်၊ မော်ရိုကို၊ နယူးဇီလန်၊ ရဝမ်ဒါ၊ တောင်ကိုရီးယား၊ ထိုင်း၊ တူနီးရှားနဲ့ ဉရုဂွေးနိုင်ငံတွေပါ ရှိတာကို တွေ့ရပေမယ့် အမေရိကန်နိုင်ငံတော့ ထည့်သွင်းထားခြင်း မရှိပါဘူး။
အမေရိကန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ၂၄ နာရီအတွင်း သေဆုံးသူ ၁,၂၆၇ ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ ၆၈,ဝ၀ဝ ကျော်ရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၄,၅၆၈,ဝ၃၇ ဦးနဲ့ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ စုစုပေါင်း ၁၅၃,၈၄၀ ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP
