နယူးယောက် ၁၈ မေ
အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း သေဆုံးသူ ၈၂၀ ဦးရှိပြီး သေဆုံးသူ စုစုပေါင်း ၉၀,၀၀၀ ကျော်သွား ကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်ပါတယ်။
မေလ ၁၀ ရက်နေ့က သေဆုံးသူဟာ ၇၇၆ ဦးရှိတဲ့အတွက် သေဆုံးသူ အနည်းဆုံးဖြစ်ပြီး အဲဒီရက်ရဲ့ နောက်ရက်တွေမှာ သေဆုံးသူ တိုးများလာရာ သေဆုံးသူ ၁၈၉၄ ဦးအထိ ရှိခဲ့ဖူးကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ မှတ်တမ်းများအရ သိရပါတယ်။
ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ စက္ကန့်နဲ့အမျှ တင်ထားတဲ့မှတ်တမ်းအရ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူး စက်ခံရသူပေါင်း ၁,၄၈၆,၃၇၆ ဦး ရှိကြောင်း သိရပါတယ်။
ရောဂါပိုးတွေ့ရှိသူနဲ့ သေဆုံးသူအရေအတွက်ဟာ ကမ္ဘာမှာ အများဆုံးဖြစ်တာကို တွေ့ရပါတယ်။
MDN
ကိုးကား -AFP