၁၃ ဇူလိုင်

 

 

အမေရိကန်နိုင်ငံမှာ တနင်္ဂနွေနေ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုး တွေ့ရှိသူ ၅၉,၇၄၇ ဦး ရှိကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်က ထုတ်ပြန်ပါတယ်။

 

 

အမေရိကန်နိုင်ငံမှာ အခုသီတင်းပတ်တွေအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များနေရာ စနေနေ့က ၆၆,၅၂၈ ဦးမှာ ကပ်ရောဂါပိုး တွေ့ရှိတဲ့အတွက် အများဆုံးဖြစ်ကြောင်း သိရပါတယ်။

 

 

အမေရိကန် နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၃,၃၀၁,၈၂၀  ရှိကြောင်း ဇူလိုင် ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

 

တနင်္ဂနွေနေ့မှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူတွေထဲ ၄၄၂ ဦးသေဆုံးရာ စုစုပေါင်း သေဆုံးသူ ၁၃၅,၁၇၁ ဦးသွားပြီဖြစ်ပါတယ်။

 

 

အခုလို ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များပြားလာတာဟာ တချို့ပြည်နယ်တွေက စီးပွားရေး ပြန်လည် လည်ပတ်ရန် လုပ်ငန်းတွေ စောစောပြန်ဖွင့်ခြင်းနဲ့ တချို့ပြည်နယ်တွေကတော့ မျက်နှာဖုံးတွေ ဝတ်ဆင်ဖို့ ပိုပြီး တိုက်တွန်းလာနေတာကို တွေ့ရပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု များနေပေမယ့် သမ္မတထရမ့်ရဲ့ အစိုးရအဖွဲ့က ဆောင်းဉီးမှာ ကျောင်းတွေ ပြန်ဖွင့်ရန် တနင်္ဂနွေနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

 

 

MDN

ကိုးကား - AFP