ဇွန် ၇

 

အမေရိကန်နိုင်ငံအရှေ့ပိုင်း ဗာဂျီးနီးယားပြည်နယ် ရစ်ရှ်မွန်ဒေသတွင် ယမန်နေ့မွန်းလွဲပိုင်းက အထက်တန်းကျောင်း ကျောင်းဆင်းပွဲအခမ်းအနားပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး အခြားငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့က ပြောကြားသည်။

 

အဆိုပါပစ်ခတ်မှုသည်  အောလ်ထရီရာပြဇာတ်ရုံအနီး ဟူဂူနော့အထက်တန်းကျောင်း ကျောင်းဆင်းပွဲအခမ်းအနားပြီးနောက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အစိုးရအထက်တန်းကျောင်းတာဝန်ရှိသူက ပြောကြားသည်။

 

ထိုပစ်ခတ်မှုတွင် သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းနှင့် ယင်းသံသယရှိသူသည် ထိခိုက်ဒဏ်ရာရသေဆုံးသူများအနက် အနည်းဆုံးတစ်ဦးနှင့်သိကျွမ်းသူများဖြစ်သည်ဟု ထင်မြင်ရကြောင်း ၎င်းကပြောကြားသည်။

 

ပစ်ခတ်ခံရသူခုနစ်ဦးအနက် နှစ်ဦးသည် ဆေးရုံသို့ပို့ဆောင်ပေးပြီးနောက်တွင် သေဆုံးသွားခဲ့သည်ဟု ယာယီရဲတပ်ဖွဲ့ အကြီးအကဲက ဆိုသည်။

 

စာသင်ကျောင်းများအားလုံးကို ဇွန် ၇ ရက်အထိ ပိတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အထက်တန်းကျောင်းများအားလုံး၏ ကျောင်းဆင်းပွဲအခမ်းအနားများကိုလည်း ယခုသီတင်းပတ်တွင် ကျင်းပပြုလုပ်မည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို