ဝါရှင်တန် စက်တင်ဘာ ၃၀

 

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ပြီးခဲ့သည့်သီတင်းပတ်က တိုက်ခတ်ခဲ့သည့် ဟာရီကိန်းမုန်တိုင်း ဟီလာနီမှတစ်ဆင့် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ပြည်နယ်ခြောက်ခုတွင် လက်ရှိအချိန်အထိ ဒေသခံ ၁၀၀ ကျော်သေဆုံးကြောင်း ယနေ့ဆင်ဟွာသတင်းအရ သိရသည်။

 

၎င်းဟာရီကိန်းမုန်တိုင်းသည် စက်တင်ဘာ ၂၆ ရက်က ဖလော်ရီဒါပြည်နယ်သို့ အဆင့် (၄) အဆင့်ရှိ ဟာရီကိန်း မုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့သည်။ ၎င်းဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြောက်ကာရိုလိုင်းနား ပြည်နယ်တွင် ၃၇ ဦး သေဆုံးပြီး တောင်ကာရိုလိုင်းနားပြည်နယ်တွင် ၂၇ ဦး သေဆုံးခဲ့သည်။ မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ ဗန်ကွန်ဗီစီရင်စုတွင် ဒေသခံ ၆၀၀ ခန့် ပျောက်ဆုံး နေကာ လျှပ်စစ်ဓာတ်အား၊ ရေရရှိရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်မည်ဟု သမ္မတဂျိူးဘိုင်ဒင်ကပြောကြားခဲ့သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ