၃၁ ဒီဇင်ဘာ

 

 

အမေရိကန် နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၃,၉၀၀ ကျော်ရှိကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဒဏ် အဆိုးရွားဆုံး ခံနေရတဲ့ အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ရောဂါပိုးကြောင့် သေဆုံးသူ ၃,၉၂၇ ဦးနဲ့ ရောဂါပိုး တွေ့ရှိသူ ၁၈၉,၆၇၁ ဦး ရှိတဲ့အတွက် မှတ်တမ်းသစ် တင်တဲ့နေ့ ဖြစ်လာပါတယ်။

 

 

ကူးစက်ရောဂါဆိုင်ရာ ပညာရှင် ဒေါက်တာ အန်တိုနီဖောက်ချီက ပိတ်ရက်တွေမှာ လူစုလူဝေးခြင်းနဲ့ ဆောင်းရာသီ အတွင်းမှာ သေဆုံးသူဦးရေ များလာနိုင်ကြောင်းနဲ့ ကပ်ရောဂါရဲ့ အမှောင်ထုကို ကြုံတွေရနိုင်ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သတိပေး ပြောကြားထားပါတယ်။

 

 

နိုင်ငံမှာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ စုစုပေါင်း ၃၄၁,၈၄၅ ဦးနဲ့ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၁၉,၇၁၅, ၈၉၉ ဦးရှိနေပြီ ဖြစ်ပါတယ်။

 

 

ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ၂ ဒသမ ၈ သန်းသာ ရှိနေသေးတဲ့အတွက်  သမ္မတထရမ့် အစိုးရရဲ့ ၂၀၂၀ ခုနှစ် မကုန်မီ ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် လျာထားချက်ရဲ့ သန်း ၂၀ လောက် နောက်ကျနေကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn