အမေရိကန်နိုင်ငံ၌ ကမ်းခြေမြို့တွင် လူသေဆုံးစေသောပစ်ခတ်မှုများကြောင့် ညမထွက်ရအမိန့်နှင့် အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်

မတ် ၂၀

 အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ မိုင်ယာမီကမ်းခြေမြို့တွင် ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးခဲ့ပြီးနောက် မတ်လ ၁၉ ရက်နေ့က ညမထွက်ရအမိန့်နှင့် အရေးပေါ်အခြေအနေတစ်ရပ်ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါညမထွက်ရအမိန့်သည် မတ်လ၁၉ ရကနေ့ည ၁၁ နာရီ ၅၉ မိနစ်မှ မတ်လ၂၀ ရက်နေ့မနက် ၆ နာရီအထိ အသက်ဝင်မည်ဖြစ်သည်ဟု သိရသည်။

တာဝန်ရှိသူများက   ကြာသပတေးနေ့မှ တနင်္လာနေ့အထိ အလားတူ ညမထွက်ရကန့်သတ်ချက်များကို ထပ်မံချမှတ်ရန် ရည်ရွယ်ထားသည်။

သောကြာနေ့ညပိုင်းက တောင်ပိုင်းကမ်းခြေတွင် ပစ်ခတ်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦးသေဆုံးပြီး အခြားအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ယမန်နေ့မနက်စောပိုင်းက မိုင်ယာမီကမ်းခြေတွင် ပစ်ခတ်မှုဖြစ်ပွားသဖြင့် ထပ်မံသေဆုံးမှုဖြစ်ပွားခဲ့ရာမှ ယင်းကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ယခုနှစ်အတွင်း သေနတ်ပစ်ခတ်မှုကြောင့် လူပေါင်း ၈၉၆၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို