ဧပြီ ၂၀

 

အမေရိကန်နိုင်ငံတွင် ယမန်နေ့ညက အလွန်ပြင်းထန်သော လေဆင်နှာမောင်းသည် အိုကလာဟိုးမားပြည်နယ် ကိုးလ်မြို့ကိုဖြတ်သန်းတိုက်ခတ်ခဲ့သဖြင့် လူနှစ်ဦးထက်မနည်းသေဆုံးပြီး အခြားအများအပြားဒဏ်ရာရရှိခဲ့သည်ဟု သက်ဆိုင်ရာအာဏာပိုင်များက ပြောကြားသည်။

 

အဆိုပါလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိုကလာဟိုးမားမြို့၏တောင်ဘက် မိုင် ၃၀ အကွာရှိ ကိုးလ်မြို့တွင် အနည်းဆုံးနှစ်ဦးသေဆုံးခဲ့သည်။

 

ထိုမြို့တွင် ယမန်နေ့ညက လျှပ်စစ်မီးများပြတ်တောက်သွားခဲ့သည်ဟု အေဘီစီသတင်းဌာနက ဖော်ပြထားသည်။

 

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်အဆောက်အဦများတွင် မင်္ဂလာခန်းမအဖြစ်အသုံးပြုသည့် အဆောက်အဦတစ်လုံး လည်းပါဝင်သည်။

 

ဧပြီ ၂၀ ရက်တွင် တက္ကဆက်ပြည်နယ်တောင်ပိုင်းရှိအော်စတင်မှ မစ်ဆူရီပြည်နယ်၏အနောက်အလယ်ပိုင်းရှိ စိန့်လူးဝစ်အထိ လေပြင်းများတိုက်ခတ်ခြင်းနှင့် မိုးသီးများကြွေကျခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းထားသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို