လော့စ်အိန်ဂျလိစ်    မတ်    ၃၀

အမေရိကန်နိုင်ငံ၌   လွန်ခဲ့သည့်  သီတင်းပတ်အတွင်း ကလေးငယ်စုစုပေါင်း သုံးသောင်းနီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်း အမေရိကန်ကလေးအထူးကု အကယ်ဒမီနှင့် ကလေးဆေးရုံအသင်းက မတ် ၂၈ ရက်တွင် ထုတ်ပြန်သည့် သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု စတင်ဖြစ်ပွားပြီးနောက်ပိုင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် ကလေးငယ်စုစုပေါင်း ၁၂ ဒသမ ၈ သန်းခန့်ရှိ ကြောင်းနှင့် အဆိုပါကူးစက်ခံရသူများအနက်  ၁၇၁၀၀၀ ကျော်သည် လွန်ခဲ့သည့် သီတင်းလေးပတ်အတွင်း ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုစတင်ခဲ့သည့် ယခုနှစ်စ ပိုင်းမှစတင်ကာ   ကလေးငယ်များအကြား    ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုသည် သိသိသာသာမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလနောက်ပိုင်းမှ လက်ရှိအချိန်အထိ ကလေးငယ် ၄ ဒသမ ၉ သန်းကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန် ကလေးအထူးကုအကယ်ဒမီနှင့် ကလေးဆေးရုံအသင်း၏ သတင်း ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံ၌ ပြီးခဲ့သည့်နှစ် စက်တင်ဘာလနောက်ပိုင်းမှ စတင်ကာ လက်ရှိအချိန်အထိ ကလေးငယ် ၇ ဒသမ ၈ သန်းနီးပါးအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း သိရသည်။ 

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်