မေ ၂၄
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ကွန်ရိုးမြို့တွင် ယမန်နေ့မွန်းလွဲပိုင်းက မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း ဆောက်လုပ်ဆဲနေအိမ်တစ်လုံး ပြိုကျခဲ့ပြီးနောက် နှစ်ဦးသေဆုံးခဲ့ပြီး အခြားခုနစ်ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားသည်။
ကောင်းကင်တွင်မှောင်မည်းနေပြီး မိုးများရွာသွန်းကာ မိုးသီးများလည်းကျနေကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။ မိုးတိတ်သွားချိန်မှာပင် လူနာတင်ကားများရောက်ရှိလာသော အသံများကြားရသည်ဟု ၎င်းကဆိုသည်။
၎င်းနေရာမှာပင် နှစ်ဦးသေဆုံးခဲ့ကြောင်းနှင့် ဒဏ်ရာရသူခုနစ်ဦး၏အခြေအနေကို မသိရှိရသေးကြောင်း ဖော်ပြထားသည်။ အဆိုပါနေအိမ်သည် ဆောက်လုပ်ရေးအစပိုင်းအဆင့်မှာပင် ပြိုကျခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုနေအိမ်သည် နှစ်ထပ်အိမ်ဖြစ်ပြီး အလုပ်သမားများ ဆောက်လုပ်နေစဉ်အတွင်း ပြိုကျခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
နေအိမ်ပြိုကျမှုဖြစ်ပွားစဉ်က အလုပ်သမားများသည် ယင်းနေအိမ်ဒုတိယထပ်ကိုဆောက်လုပ်နေဖွယ်ရှိသည်ဟု ၎င်းကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို