ဒီဇင်ဘာ ၂
အမေရိကန်နိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်တွေ့ရှိကြောင်း ပြည်သူ့ကျန်းမာရေးအာဏာပိုင်များက အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။
တောင်အာဖရိကမှ အမေရိကန်နိုင်ငံသို့ပြန်လာသည့် ခရီးသွားတစ်ဦးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
ထိုသူသည် ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်နိုင်ငံသို့ပြန်လာသူဖြစ်ပြီး ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားသည်ကို တနင်္လာနေ့က စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရောဂါကူးစက်မှုနှင့် ဓာတ်မတည့်မှုဆိုင်ရာ အမျိုးသားအင်စတီကျု့ ညွှန်ကြားရေးမှူး အန်တိုနီဖူစီက ပြောကြားသည်။
ယင်းရောဂါ ကူးစက်ဖြစ်ပွားသူသည် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးနှံမှုခံယူပြီးဖြစ်ရာ ရောဂါလက္ခဏာပြင်းထန်မှုမရှိကြောင်းနှင့် သီးသန့်ခွဲခြားနေထိုင်ကြောင်း သိရသည်။
၎င်းနှင့်အနီးကပ်ထိစပ်သူအားလုံးကို ကိုဗစ်ကူးစက်မှုရှိမရှိ စမ်းသပ်စစ်ဆေးခဲ့ရာ ကိုဗစ်ကူးစက်မှုမရှိသည်ကို တွေ့ရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို