လော့စ်အိန်ဂျလိစ် ဇွန် ၁၅

 

အမေရိကန်နိုင်ငံ၌ ဇွန် ၉ ရက်တွင် ကုန်လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ကလေးငယ် ၈၈၀၀၀ ခန့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း အမေရိကန်ကလေးအထူးကုအကယ်ဒမီနှင့် ကလေးဆေးရုံများအသင်းက ဇွန် ၁၃ ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှစတင်ကာ လက်ရှိအချိန်အထိ ကလေးငယ် ၁၃ ဒသမ ၅ သန်းကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်းနှင့် လွန်ခဲ့သည့်သီတင်း လေးပတ်အတွင်း ကလေးငယ် ၃၉၅၀၀၀ နီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း သိရသည်။

 

ယခုနှစ်အတွင်း အမေရိကန်နိုင်ငံ၌ ကလေးငယ်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအရေအတွက်သည် ၅ ဒသမ ၆ သန်းခန့်ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

 

လက်ရှိတွင် အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၈၇ သန်းကျော်၊ အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း တစ်သန်းကျော်နှင့် ပြန်လည်ကျန်းမာလာသူပေါင်း ၈၃ သန်းကျော်ရှိကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်