အမေရိကန်နိုင်ငံ၌ တစ်ပတ်အတွင်းပျမ်းမျှနေ့စဉ်ကိုဗစ်ကူးစက်မှု နှစ်သိန်းခုနစ်သောင်းကျော်ရှိလာ

mdn

ဒီဇင်ဘာ ၃၀

အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက် တစ်ရှိန်ထိုးမြင့်တက်လျက်ရှိသည်။

ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာများကဖော်ပြသောအချက်အလက်များအရ တစ်ပတ်အတွင်း ပျမ်းမျှနေ့စဉ်ကူးစက်မှု ၂၇၇၂၄၁ ဦးရှိရာ ဇန်နဝါရီက  ကူးစက်သူဦးရေ ၂၅၀၀၀၀ ဖြင့်စံချိန်တင် ကူးစက်ဖြစ်ပွား ခဲ့မှုကို ကျော်လွန်လာသည်ဟု သိရသည်။စီဒီစီညွှန်ကြားရေးမှူးရိုချဲလ်လီဝလ်က အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့် ယခုကဲ့သို့ကူးစက်မှု လျင်မြန်လာခြင်းဖြစ်ကြောင်း သတင်းထောက်များကို ယမန်နေ့ကပြောကြားသည်။

ယခုအချိန်တွင် ဆေးရုံတက်ကုသမှုနှင့်သေဆုံးမှုတို့ကို နှိုင်းယှဉ်ပါကလျော့နည်းလျက်ရှိနေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယင်းသို့လျော့နည်းခြင်းသည် အထူးသဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူများနှင့် ကိုဗစ်အားဖြည့် ကာကွယ်ဆေးထိုးနှံပြီးသူများတွင် အိုမီခရွန်ကူးစက်ဖြစ်ပွားမှုသည် ရောဂါလက္ခဏာပြင်းထန်မှုမရှိကြောင်း တောင်အာဖရိကနှင့်ဗြိတိန်နိုင်ငံတို့အပါအဝင် အခြားနိုင်ငံများ၏ အစောပိုင်း ဖော်ပြချက်ဖြစ်စဉ်များကြောင့် ဖြစ်ဖွယ်ရှိသည်ဟု ၎င်းကပြောသည်။

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို