ဟူစတန် ဇန်နဝါရီ ၂၇

 

အမေရိကန်နိုင်ငံ၌ ဇန်နဝါရီ ၂၆ ရက် တစ်ရက်တည်းတွင် တရားမဝင်နေထိုင်သည်ဟု သံသယရှိသူ ၁၀၀၀ခန့်ကို ဖမ်းဆီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်ခွန်စိုးမိုးရေး (အိုင်စီအီး) က လူမှုကွန်ရက်မီဒီယာ X တွင် ဇန်နဝါရီ ၂၆ ရက် ညက ပြောကြားသည်။

 

အိုင်စီအီးသည် ဇန်နဝါရီ ၂၆ ရက်က ချီကာကို၊ ဒန်ဗာမှ ဒဲလစ်၊ ဖော့ဝါ့နှင့် အော်စတင် အပါအဝင် တက္ကဆက်အတွင်းရှိ မြို့ကြီးများကို ပစ်မှတ်ထားကာ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

မြောက်တက္ကဆက်၌ လူ ၈၄ ဦးကို ဖမ်းဆီးကာ အိုင်စီအီးရုံးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း အိုင်စီအီး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒေသဆိုင်ရာမီဒီယာသို့ ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားသည်။

 

ထရမ့်၏ အစိုးရအဖွဲ့သည် တာဝန်ထမ်းဆောင်ချိန် ပထမသီတင်းပတ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိုင်စီအီးက ဝင်ရောက်ဖမ်းဆီးမှုများကို လုပ်ဆောင်ခဲ့ရာ ဇန်နဝါရီ ၂၃ ရက် က နိုင်ငံတစ်ဝန်း အကြမ်းအားဖြင့် လူပေါင်း ၁၃၀၀ ဖမ်းဆီးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ခန့်အပ်ထားသည့် နယ်စပ်ဒေသ တာဝန်ရှိသူ တွမ်ဟိုမန်က ပြောကြားသည်။

 

ဆင်ဟွာ