ဆိုးလ် အောက်တိုဘာ ၁၈

 

ယခုလနှောင်းပိုင်းတွင် နောက်ဆုံးပေါ် ကိုယ်ပျောက်တိုက်လေယာဉ်များအပါအဝင် အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာက ထုတ်ပြန်ကြေညာလိုက်သည်။

 

အဆိုပါ စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၄ ရက်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။ ထို့အပြင် တောင်ကိုရီးယားလေတပ်မှ F-35A ကိုယ်ပျောက် တိုက်လေယာဉ်များ နှင့် ဂျပန်ရှိ ယူအက်စ်အိဝါကုနိ လေတပ်စခန်းမှ F-35B ကိုယ်ပျောက် တိုက်လေယာဉ်များ အပါအဝင် လေယာဉ် ၂၄၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူများက ပြောသည်။

 

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ယခုအကြိမ် ပြုလုပ်မည့် ပူးတွဲစစ်ရေးလေ့ကျင့် မှုသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း အကြီးစား စစ်ရေးလေ့ကျင့်မှု ဖြစ်လာမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ယွန်ဟက်သတင်း ဌာနက ပြောသည်။ အောက်တိုဘာ ၁၇ ရက် တွင် တောင်ကိုရီးယားစစ်ဘက်က ပုံမှန်ကွင်းဆင်း စစ်ရေးလေ့ကျင့်မှု များပြုလုပ်ခဲ့ပြီး တောင်ကိုရီးယား နိုင်ငံတွင် တပ်စွဲထားသော အမေရိကန်တပ်များလည်း စစ်ရေးလေ့ကျင့်မှုအချို့တွင် ပါဝင်ခဲ့သည်ဟု သိရသည်။

 

အင်န်အိတ်ချ်ကေ