၉ နိုဝင်ဘာ

 

အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ပညာရှင်တွေ ပါဝင်တဲ့အဖွဲ့နဲ့   ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေးလုပ်မယ်လို့ သိရပါတယ်။

 

ရွေးကောက်ခံသမ္မတ ဘိုင်ဒင်ရဲ့ ရွေးကောက်ပွဲအနိုင်ရပြီးနောက် ပထမဆုံး အောင်ပွဲခံမိန့်ခွန်းမှာ ကပ်ရောဂါကြောင့် ယိမ်းယိုင်နေတဲ့အခြေအနေကို ထိန်းချုပ်ရန်က သူ့ရဲ့ ဦးစားပေးလုပ်ငန်းဖြစ်ကြောင်း ပါရှိပါတယ်။

 

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးကြောင့် အမေရိကန်နိုင်ငံမှာ သေဆုံးသူ ၂၃၇,၀၀၀ ကျော် ရှိလာခဲ့ပါတယ်။

 

ရွေးကောက်ခံသမ္မတ ဘိုင်ဒင်က တနင်္လာနေ့မှာ ဗိုင်းရပ်စ်ပိုးကို ကိုင်တွယ်ရန် သိပ္ပံပညာရှင်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့ ပညာရှင်အဖွဲ့နာမည်ကို ထုတ်ဖော်ပြောကြားမှာ ဖြစ်ပါတယ်။ ဘိုင်ဒင်ဟာ ဇန်နဝါရီ ၂၀ ရက် ၂၀၂၁ ခုနှစ်မှ စတင်ပြီး သမ္မတ တာဝန်ကို ထမ်းဆောင်ရမှာဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP