၁၃ ဒီဇင်ဘာ
အမေရိကန်နိုင်ငံသားတွေကို Pfizer-BioNTech ဆေးကုမ္ပဏီမှထုတ်လုပ်တဲ့ Covid-19 ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးကို တနင်္လာနေ့မှာ စတင်ထိုးနှံပေးနိုင်တော့မှာဖြစ်ကြောင်း ဆေးဖြန့်ချိရေးလုပ်ဆောင်နေတဲ့ ဗိုလ်ချုပ် ပါနာက စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
ဗိုလ်ချုပ် ပါနာက စနေနေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ဆေးတွေကို တနင်္ဂနွေနေ့မှာ စတင်ဖြန့်ချိပေးမှာဖြစ်ပြီး တနင်္လာနေ့မှာ နိုင်ငံသားတွေကို စတင်ထိုးနှံပေးဖို့ ၁၀၀ ရာခိုင်နှုန်း သေချာတယ်လို့ ပြောကြားပါတယ်။
တစ်နိုင်ငံလုံးရှိ ကာကွယ်ဆေးထိုးပေးမယ့် နေရာ ၁၄၅ နေရာတွင် တနင်္လာနေ့မှာ စတင်ထိုးပေးနိုင်မှာဖြစ်ပြီး အင်္ဂါနေ့မှာ ၄၂၅ နေရာနဲ့ ဗုဒ္ဓဟူးနေ့မှာ ၆၆ နေရာကို အပြီးသတ်အနေနဲ့ Pfizer-BioNTech ကာကွယ်ဆေးတွေ ပို့ဆောင်ပေးသွားမှာလို့ ဆိုပါတယ်။
ပထမဆုံး ကာကွယ်ဆေးထိုးနှံမယ့် လူဦးရေမှာ ၃ သန်းနီးပါး ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စောင့်ရှောက်ရေးဂေဟာတွေမှာ နေထိုင်သူတွေအား ဦးစားပေးထိုးပေးဖို့ အစိုးရက တိုက်တွန်းထားပေမယ့် သက်ဆိုင်ရာပြည်နယ်တွေမှ တာဝန်ရှိသူတွေမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံဟာ Pfizer-BioNTechက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို အရေးပေါ်အနေနဲ့ အသုံးပြုခွင့်ပေးတဲ့ ခြောက်နိုင်ငံမြောက်အဖြစ် ဗြိတိန်၊ ကနေဒါ၊ ဆော်ဒီ၊ ဘာရိန်းနဲ့ မက္ကဆီကို နိုင်ငံတို့ရဲ့ နောက်မှာ ရှိနေပါတယ်။
MDN
ကိုးကား - AFP