ဖေဖော်ဝါရီ ၈
အမေရိကန်နိုင်ငံတွင် သေနတ်ပစ်ခတ်ခံရမှုကြောင့် နေ့စဉ်ပျမ်းမျှသေဆုံးသူဦးရေ ၁၁၀ ရှိရာ ပစ်ခတ်မှုကြောင့် သေဆုံးရသည့် အခြားနိုင်ငံများထက် သေဆုံးမှုနှုန်းပိုမိုသာလွန်ကြောင်း မကြာသေးမီက ယူအက်စ်အေတူဒေးသတင်းတွင် ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်း သေဆုံးသူဦးရေ ၁၀၀၀၀၀ တိုင်းတွင် ၁၂ ဦးခန့်သည် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခြင်းဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံတွင် ပစ်ခတ်မှုကြောင့် သေဆုံးမှုနှုန်း၏ လေးဆနီးပါးရှိသည်ဟု ကျွမ်းကျင်သူများ၏ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။
အဆိုပါသေနတ်ဖြင့်ပစ်ခတ်မှုများအနက် အုပ်စုလိုက်ပစ်ခတ်မှုအများစုသည် လူဖြူသေနတ်သမားများဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ်က ပစ်ခတ်မှု ၃၂၁ ကြိမ်ထက်မနည်း ကျူးလွန်သူများမှာ ကလေးအရွယ်များဖြစ်ပြီး ယင်းပစ်ခတ်မှုများကြောင့် ၁၄၃ ဦး သေဆုံးကြောင်း ဖော်ပြထားသည်။
ထိုအကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူများတွင် အမေရိကန်လူမည်းဦးရေသည် အမေရိကန်လူဖြူဦးရေထက် နှစ်ဆပိုများဖွယ်ရှိပြီး ဒဏ်ရာရသူများတွင် အမေရိကန်လူဖြူဦးရေထက် ၁၄ ဆ ပိုမိုများပြားဖွယ်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို