မတ် ၅
အမေရိကန်နိုင်ငံတောင်ပိုင်း တက္ကဆက်မှ တင်နက်ဆီပြည်နယ်အထိ မုန်တိုင်းများတိုက်ခတ်မှုကြောင့် လေပြင်းများ၊ မိုးသီးများ၊ လေဆင်နှာမောင်းများ တိုက်ခတ်မှုကြောင့် လူပေါင်းသိန်းနှင့်ချီ၍ လျှပ်စစ်မီးများပြတ်တောက်မှုနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။
တက္ကဆက်၊ လူဝီစီယားနား၊ မစ္စစ္စပီ၊ အိုကလာဟိုးမားနှင့် တင်နက်ဆီပြည်နယ် ငါးခုရှိ နေအိမ်အလုံးပေါင်း ၄၀၀၀၀၀ ကျော် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
တက္ကဆက်ပြည်နယ်ရှိ Dallas Fort Worth အပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုက်ရောက်/ထွက်ခွာမည့် လေကြောင်းခရီးစဉ် ၃၇၅ ခုကျော် ဖျက်သိမ်းခဲ့ရပြီး အခြား ခရီးစဉ် ၆၆၀ နှောင့်နှေးမှုဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။
သိုလှောင်ရုံတစ်စိတ်တစ်ပိုင်း ပြိုကျပြီး အနီးနားရှိတွဲယာဉ်တစ်ပိုင်းနှင့် အခြားသောယာဉ်များ ပျက်စီးနစ်မြုပ်ခဲ့ကြောင်း ဒေသန္တရမီဒီယာက ဖော်ပြထားသည်။
လေပြင်းတိုက်ခတ်မှုအန္တရာယ်သည် တောင်နက်ပိုင်းတစ်လျှောက်တွင် နေ့ချင်းညချင်း ဆက်လက်ဖြစ်ပေါ်နေဦးမည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို