၂၉ ဇန်နဝါရီ
အစ္စလာမ္မစ်အစွန်းရောက်များ၏ ကြီးထွားလာသော အကြမ်းဖက်ဝါဒကိုတိုက်ဖျက်ရန် အမေရိကန်ပြည်ထောင်စုနှင့် အာဖရိက၉နိုင်ငံတို့သည် အရှေ့အာဖရိက၌ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ စတင်လိုက်ပြီဖြစ်သည်။
ရက်သတ္တပတ် ၂ပတ်ကြာ စစ်ရေးလေ့ကျင့်မှုများကို အရှေ့ပိုင်း အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်သော ဂျီဘူတီနိုင်ငံတွင် တနင်္လာနေ့က စတင်ခဲ့သည်။ ဆိုမာလီယာ၊ ကင်ညာနှင့်အခြားအာဖရိက ၇နိုင်ငံမှာ စစ်ရေးလေ့ကျင့်မှု၌ ပါဝင်လျက်ရှိသည်။

ယခုလအစောပိုင်းတွင် ကင်ညာနိုင်ငံ နိုင်ရိုဘီတွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၁ဦး သေဆုံးခဲ့ပြီးနောက် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်ဦးဆောင်သော စစ်ရေးလေ့ကျင့်မှုများ စတင်သည့်အထိမ်းအမှတ် အခမ်းအနားတစ်ခုတွင် အမေရိ ကန်တပ်မတော် အာဖရိကကွပ်ကဲမှုဌာနမှ အရာရှိတစ်ဦးက ပင်လယ်ပြင်အတွင်း အကြမ်းဖက်သမားများနှင့် လက်နက်များလှုပ်ရှားမှု ထိန်းချုပ်ဟန့်တားမှု၏အရေးပါမှုကို အလေးထားပြောကြားခဲ့သည်။
အာဖရိကမှ အရှေ့အလယ်ပိုင်းသို့ ပြောင်းရွှေ့နေသည့် အိုင်အက်စ်စစ်သွေးကြများကို အရေးတကြီး အရေးယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆိုမာလီ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
ဂျီဘူတီသည် ပင်လယ်ပြင်လမ်းကြောင်းအတွက် အရေးကြီးသော တည်နေရာတစ်ခုဖြစ်ပြီး အာဖရိကတိုက်အတွင်း တစ်ခုတည်းသော အမေရိကန် စစ်ဘက်အခြေစိုက်စခန်းကို လက်ခံထားသည်။
တရုတ်နိုင်ငံက ၂၀၁၇ ခုနှစ်အတွင်း ဂျီဘူတီနိုင်ငံ၌ ယင်း၏ ပထမဆုံးသော နိုင်ငံရပ်ခြား စစ်ဘက်အခြေစိုက်စခန်းက တည်ဆောက်မှု စတင်ခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်
