ဝါရှင်တန် ဇူလိုင် ၉
အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံကြား အကောက်ခွန်ကောက်ခံမှုဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ်လ အစောပိုင်းတွင် စတင်မည်ဖြစ်ကြောင်း အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟိုဝါ့ဒ် လော့နစ်ခ်က ပြောကြားသည်။
၎င်းအပါအဝင် အခြားသော အမေရိကန် ထိပ်တန်းကုန်သွယ်ရေး အရာရှိများသည် သြဂုတ်လ အစောပိုင်းတွင် တရုတ်စေ့စပ်ညှိနှိုင်းသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားသည်။
နှစ်နိုင်ငံအကြားဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် အဆိုပါဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်သည် အဓိကကျကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက သုံးသပ်ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်စ်ဆန့်နှင့် ကုန်သွယ်ရေး ကိုယ်စားလှယ် ဂျမီဆန်ဂရေးရာတို့လည်း တက်ရောက်မည်ဖြစ်သည်။
ဒေါ်နယ်ထရမ့်အစိုးရသည် ယခုနှစ်အစောပိုင်းတွင် တရုတ်နိုင်ငံအပေါ် အခွန်စည်းကြပ်မှု စတင်ခဲ့ သည်။ နှစ်နိုင်ငံအနေဖြင့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန် ၁၀၀ ရာခိုင်နှုန်းကျော် အပြန်အလှန် ကောက်ခံခဲ့သည်။
သို့သော် မေလတွင် အခွန်ကောက်ခံမှုအစီအမံများကို သိသိသာသာလျှော့ချရန်နှင့် ဩဂုတ်လ လယ်အထိ ရက်ပေါင်း ၉၀ ကြာ ကုန်သွယ်မှုဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်ရန် နှစ်နိုင်ငံက သဘောတူညီခဲ့ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်