ပေကျင်း ၁၀ စက်တင်ဘာ
တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်တစ်ခုအနေဖြင့် ဩဂုတ်လအတွင်း အမေရိကန်နိုင်ငံသို့ သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်မှုများ လျော့ကျလာသကဲ့သို့ တရုတ်နိုင်ငံ၏ တင်ပို့ကုန်များလည်း ကျဆင်းခဲ့ကြောင်းသိရသည်။
စီးပွားရေး အရှိန်အဟုန်လျော့ကျမှုကို ထိန်းချုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံသည် အထောက်အကူပြုစေမည့် ဆောင်ရွက်ချက်များကို မကြာမီ ကြေညာလာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။ ယင်းဆောင်ရွက်မှုများအနက် အဓိကကျသည့် ချေးငွေအတိုးနှုန်းများကို လေးနှစ်အတွင်း ပထမဆုံးအကြိမ် လျှော့ချမည့် အစီအစဉ်လည်း ပါဝင်သည်ဟု ဆိုသည်။
ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီး နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံမှ ဩဂုတ်လတင်ပို့ကုန်များသည် ယခင်နှစ် အစောပိုင်းကာလနှင့်စာလျှင် ၁ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီး ဇွန်လမှစတင်ကာ အများဆုံးကျဆင်းခဲ့ကြောင်း သိရသည်။
အေအက်ဖ်ပီ