ဩဂုတ် ၂၇
အမေရိကန်ပေါ့ပ်စတားတေလာဆွစ်က အမေရိကန်ဘောလုံးသမား ထရာဗစ်ကဲနှင့်စေ့စပ်လိုက်သည်ဟု ထုတ်ဖော်ပြောကြားသည်။
တေလာဆွစ်က အင်စတာဂရမ်တွင် အင်္ဂလိပ်ဆရာမနှင့် gym ဆရာတို့လက်ထပ်တော့မည်ဟူသောစာသားနှင့်အတူ ထရာဗစ်ကဲကသူမကိုလက်ထပ်ခွင့်တောင်းနေသောပုံကို ယမန်နေ့ကဖော်ပြခဲ့သည်။
ဆွစ်သည် အမေရိကန်တွင် အကျော်ကြားဆုံးဂီတဆု ဂရမ်မီဆု ၁၄ ခုရရှိခဲ့ကြောင်းနှင့် သူမကို အမေရိကန်နိုင်ငံ ပဲန်ဆဲဗာနီးရာပြည်နယ်တွင် ၁၉၈၉ ခုနှစ်က မွေးဖွားခဲ့ကြောင်း သိရသည်။ ကမ္ဘာကျော်အဆိုတော်ဖြစ်ပြီး အင်စတာဂရမ်တွင် followers သန်း ၂၈၀ ကျော်ရှိကြောင်း ဖော်ပြထားသည်။
ထရာဗစ်ကဲသည် အမျိုးသားဘောလုံးလိဂ် NFL ၏ နာမည်ကြီးကစားသမားတစ်ဦး ဖြစ်သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


