၁ ဇူလိုင်
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် လေယာဉ်ငယ်တစ်စီးပျက်ကျခဲ့ရာ ထိုလေယာဉ်ပေါ်ပါသူ ၁၀ ဦးလုံးသေဆုံးသွားကြောင်း သိရသည်။
အဆိုပါ အင်ဂျင်နှစ်လုံးတပ် လေယာဉ်သည် ယမန်နေ့က ဒါးလတ်စ် မြို့ အနီး လေဆိပ်မှ ပျံတက်လျှင်ပျံတက်ခြင်း လေယာဉ်ရုံထဲသို့ ပျက်ကျခဲ့ပြီး မီးလောင်ကျွမ်းသွားခဲ့သည်။
ထိုအချိန်တွင် လေယာဉ်ရုံထဲတွင် မည်သူတစ်ဦးတစ်ယောက်မျှမရှိကြောင်း ဒေသအာဏာပိုင်များက ဆိုသည်။
ယင်းလေယာဉ်သည် မြေပြင်မှ ပျံတက်လျှင်ပျံတက်ခြင်း ဘယ်ဘက်သို့ ဦးတည်ရာပြောင်းသွားပြီး လေယာဉ်ဘယ်တောင်ပံသည် လေယာဉ်ရုံနှင့် ထိခိုက်မိသည်ဟု ယူဆရကြောင်း ရဲအဖွဲ့နှင့် အခြားသောအရင်းအမြစ်များက ဆိုသည်။
အမေရိကန်အမျိုးသားသယ်ယူပို့ဆောင်မှု လုံခြုံရေးဘုတ်အဖွဲ့ က ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် အဖွဲ့များကို စေလွှတ်ထားကြောင်းဖော်ပြထားသည်။
ကိုးကား -အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို