အမေရိကန်ပြည်ထောင်စု၌ ချောကလက်စက်ရုံ ပေါက်ကွဲမှုဖြစ်ပွား၊ သေဆုံးသူ ခုနစ်ဦး ရှိလာ

 

 

ဝါရှင်တန်၊ မတ် ၂၇

 

အမေရိကန်  ပြည်ထောင်စု ပန်ဆယ်ဗေးနီးယား ပြည်နယ် ဝက်စ်ရီးဒင်းမြို့ရှိ  ချောကလက်စက်ရုံတွင်  ပေါက်ကွဲမှုနှင့် မီးလောင်မှုကြောင့် သေဆုံးသူ ခုနစ်ဦး ရှိလာခဲ့ကြောင်း အာဏာပိုင်များက ယနေ့ အတည်ပြု ပြောကြားခဲ့သည်။

 

စက်ရုံ မီးလောင်မှုကြောင့် ပျောက်ဆုံးသွားသည့် အလုပ်သမား ခုနစ်ဦး၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် ၎င်းတို့သည် မည်သူမည်ဝါ ဖြစ်သလဲဆိုသည်ကို ၎င်းတို့၏ မိသားစုဝင် များအား မေးမြန်းပြီးမှသာ အတိအလင်းကြေညာမည်ဖြစ်ကြောင်း ဝက်စ်ရီးဒင်း မြို့တော်ဝန် ဆာမန် သာကက်က ပြောကြားသည်။

 

အဆိုပါ R.M. Palmer ကုမ္ပဏီ ပိုင် ချောကလက်စက်ရုံသည် မတ် ၂၄ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အလုပ်သမား ၁၀ ဦးကို ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားကြောင်း သိရသည်။

 

ပေါက်ကွဲမှု ဖြစ်ပွားရခြင်း၏ အကြောင်းရင်းခံကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်