နယူးယောက်  ဇန်နဝါရီ  ၂၆

အလွန်ပြင်းထန်သည့် အအေးလှိုင်းတစ်ခုသည် ဇန်နဝါရီ ၂၅ ရက်တွင်  အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းမှ အရှေ့ပိုင်းအထိ ဖြတ်သန်းကျရောက်ခဲ့သောကြောင့် လူကိုးဦးသေဆုံးခဲ့ကြောင်း၊  လေယာဉ်ခရီးစဉ် ထောင်ပေါင်းများစွာ  ဖျက်သိမ်းခဲ့ရပြီး  အမေရိကန်ပြည်ထောင်စု တောင်ပိုင်း ပြည်နယ်များတွင် လျှပ်စစ်ဓာတ်အားလိုင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း  အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။

ဇန်နဝါရီ ၂၅ ရက်တွင် မင်နီဆိုးတားပြည်နယ်၌ အပူချိန် အနုတ် ၄၀  ဒီဂရီဆဲလ်စီးယပ်အထိ မှတ်တမ်းတင်ကျဆင်းခဲ့သည်ဟု အမျိုးသားရာသီဥတု ဝန်ဆောင်မှုလုပ်ငန်းကဖော်ပြခဲ့သည်။

အပူချိန်ကျဆင်းမှုကြောင့် နယူးယောက်၊ လူဝီစီးယားနားနှင့် အချို့နေရာများတွင် အအေးလွန်ကဲပြီး လူကိုးဦးထက်မနည်း သေဆုံးခဲ့သည်ဟု နယူးယောက်တိုင်းမ်သတင်းတွင် ဖော်ပြခဲ့သည်။

ဇန်နဝါရီ ၂၅ ရက်  တစ်ရက်တည်းတွင်  လေကြောင်းလိုင်း သောင်းချီဖျက်သိမ်းခဲ့သည်။

တင်နက်စီနှင့် မစ္စစပီ ပြည်နယ်များတွင် လျှပ်စစ်ဓာတ်အားသုံးစွဲသူ တစ်သန်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သည်ဟု စီအင်န်အင်န်သတင်းတွင် ဖော်ပြခဲ့သည်။ အအေးလှိုင်းကျရောက်မှုကြောင့် အမေရိကန်ပြည်ထောင်စုတစ်ဝန်း  ပြည်နယ်အများအပြားတွင် လူပေါင်း သန်း ၂၃၀ ကျော်အထိ ထိခိုက်နိုင်သည်ဟု  ဗဟိုအရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီနှင့်   အခြားအာဏာပိုင်များက ပြောသည်။

အင်န်အိတ်ချ်ကေ