၂၉ ဇန်နဝါရီ

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်တွင် ပစ်ခတ်မှု ဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲဌာနက ယမန်နေ့ညနေ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ညနေအစောပိုင်းက မြို့တွင်း မှ ၁၁ ကီလိုမီတာ အကွာ၊ အရှေ့တောင်ပိုင်း ရပ်ကွက်တစ်ခုတွင် ဟူစတန်မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေချိန်တွင် ယင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့တ် က ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံခဲ့ရသည့် ဤဖြစ်ရပ်သည်  မိမိတို့ပြည်သူများလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် စွန့်စား အသက်ပေး တာဝန်ထမ်းဆောင်နေခြင်းကို မီးမောင်းထိုးပြသလိုက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို