၅ ဇန်နဝါရီ
အမေရိကန်ပြည်ထောင်စုတွင် ပြည်သူများမှ ဒုတိယအကြိမ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး Pfizer ထိုးနှံမှု ခံယူခဲ့ကြောင်း သတင်းများအရ သိရှိရသည်။
အမေရိကန်နိုင်ငံတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် Pfizer ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခဲ့ပြီး သုံးပတ်ခြားပြီးနောက် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံတွင် ဇန်နဝါရီလ ၄ ရက်နေ့အထိ တစ်နိုင်ငံလုံးရှိ ပြည်သူ ၁၅ သန်းကျော်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ ဖြန့်ဝေပေးမည်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်
