၈ နိုဝင်ဘာ

ကမ္ဘာ့တစ်ဝန်းက နိုင်ငံ့ခေါင်းဆောင်တွေက အမေရိကန်နိုင်ငံရဲ့ ၄၆ ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဂျိုးဘိုင်ဒင်ကို ဂုဏ်ပြုစကား ပြောဆိုကြပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မငြိမ်သက်တဲ့ လေးနှစ်တာ သံတမန်အခင်းအကျင်းကနေ စုစည်းညီညွတ်တဲ့ ပူးပေါင်းဆောင်ရွက်မှုကိုပါ မျှော်လင့်ကြောင်း ပြောကြားပါတယ်။

 

ဂျာမနီ

ဝန်ကြီးချုပ် မာကယ်က “ ဂုဏ်ယူပါတယ်။ ကံကောင်းခြင်းနဲ့ အောင်မြင်ခြင်းရရှိရေးကို ရင်ထဲအသည်းထဲကနေ ဆုတောင်းကြောင်း နဲ့ သူတို့တတွေ နိုင်ငံတာဝန်ထမ်းဆောင်နေစဉ် အခက်အခဲတွေကို အောင်မြင်အောင်ဆ ောင်ရွက်နိုင်ခြင်းအားဖြင့် သူတို့တတွေရဲ့ ချစ်ခင်မှုဟာ အစားထိုးမရတာမျိုး ဖြစ်လာမယ်လို့ ပြောပါတယ်။

 

ပြင်သစ်

အမေရိကန်နိုင်ငံသားတွေက သူတို့ရဲ့ သမ္မတအဖြစ် ဂျိုးဘိုင်ဒင် နဲ့ ဒုသမ္မတအဖြစ် ကာမာလာ ဟားရစ် တို့ကို ဂုဏ်ပြုကြောင်းနဲ့ ဒီနေ့ခေတ်ရဲ့ စိန်ခေါ်မှုတွေကို အောင်မြင်အောင် အတူလုပ်ဆောင်သွားမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ပြောပါတယ်။

 

ဗြိတိန်

ဝန်ကြီးချုပ် ဂျွန်ဆင်က ဘိုင်ဒင်အား သမ္မတ အဖြစ်ရွေးချယ်ခံရတဲ့ ဂုဏ်ယူကြောင်းနဲ့အတူ ကာမာလာ ဟားရစ် ကိုလည်း သမိုင်းဝင်တဲ့ အောင်မြင်မှုအတွက် ဂုဏ်ကြောင်း ပြောပါတယ်။ အမေရိကန်ဟာ ဗြိတိန်အတွက် အရေးအကြီးဆုံး မဟာမိတ်ဖြစ်ကြောင်း နဲ့ ရာသီဥတုအပြောင်းအလဲ၊ ကုန်သွယ်ရေး နဲ့ လုံခြုံရေးတွေမှာ ပူးပေါင်းလုပ်ဆောင်ရန်ပါ ထည့်သွင်းပြောကြားပါတယ်။

 

အစ္စရေး

သမ္မတထရမ့်ရဲ့ အရင်းနှီးဆုံးမဟာမိတ်ဖြစ်တဲ့ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟု ဘိုင်ဒန် နဲ့ ဟားရစ်ကို ဂုဏ်ပြုကြောင်းနဲ့ အမေရိကန်-အစ္စရေးကြားက အထူးမဟာမိတ်တွေအဖြစ် ပူးပေါင်း ဆောင်ရွက်ရန် မျှော်လင့်နေကြောင်း ပြောပါတယ်။

 

အိုင်ယာလန်ဝန်ကြီးချုပ် မိုက်ကယ်မာတင်၊ ဂရိဝန်ကြီးချုပ်၊ အီတလီဝန်ကြီးချုပ်၊ စပိန် ဝန်ကြီးချုပ် တွေက ဂျိုးဘိုင်ဒန် နဲ့ ကာမာလာ ဟားရစ်တို့ရဲ့ အောင်မြင်မှုကို ဂုဏ်ပြုစကားတွေ ပြောကြားပါတယ်။

 

အလားတူ အီရတ် သမ္မတ ၊ အီဂျစ်သမ္မတ၊ ကနေဒါ ဝန်ကြီးချုပ်၊ ဩစတြေးလျား ဝန်ကြီးချုပ်၊ နယူးဇီလန် ဝန်ကြီးချုပ်၊ အင်ဒိုနီးရှားသမ္မတ၊ ဂျပန်ဝန်ကြီးချုပ်၊ တောင်ကိုရီးယားသမ္မတ၊ အိန္ဒိယ ဝန်ကြီးချုပ်၊ နိုက်ဂျီးရီးယားသမ္မတ၊ တောင်အာဖရိကသမ္မတ၊ မက္ကဆီကိုသမ္မတ တို့ကလည်း အမေရိကန်နိုင်ငံရဲ့ ၄၆ ယောက်မြောက် သမ္မတ ဂျိုးဘိုင်ဒင် နဲ့ ပထမဆုံးအမျိုးသမီး ဒုသမ္မတအဖြစ်ရွေးချယ်ခံရသူ ကာမာလာဟားရစ်တို့ကို ဂုဏ်ပြုစကားပြောခဲ့ပါတယ်။

 

နေတိုး

နေတိုးအဖွဲ့ရဲ့ အကြီးအကဲ ကလည်း ဘိုင်ဒင်ကို နေတိုးရဲ့ အဖွဲ့ကိုထောက်ခံသူ မဟာမိတ်ကြီး လို့ ပြောဆိုပြီး ဘိုင်ဒင် နဲ့ အတူအလုပ်လုပ်ရန် မျှော်လင့်နေကြောင်း နဲ့ အင်အားကြီးမားတဲ့ နေတိုးဆိုတာက မြောက်အမေရိကနဲ့ ဥရောပအတွက် အထူးလိုအပ်ကြောင်း ပြောပါတယ်။

MDN

ကိုးကား - AFP