၇ အောက်တိုဘာ

 

 

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ စနေနေ့က ကျင်းပခဲ့တဲ့  အမေရိကန်- မြောက်ကိုရီးယား ဆွေးနွေးပွဲ အပြီးမှာ အမေရိကန်နိုင်ငံရဲ့ ရန်လိုမှုကို ရပ်ဆိုင်းခြင်း မလုပ်ရင် နျူကရီးယား ဆွေးနွေးပွဲကို မြောက်ကိုရီးယား အနေနဲ့ ဆက်လက် မလုပ်ချင်တော့ဘူးလို့ တနင်္ဂနွေနေ့ ထုတ်ဖော်ပြောကြားပါတယ်။

 

 

စတော့ဟုမ်း ဆွေးနွေးပွဲဟာ ဖေဖော်ဝါရီလက ကင်-ဒေါ်နယ်ထရန့်ရဲ့ ဆွေးနွေးပွဲ နောက်ဆက်တွဲအဖြစ် ကျင်းပခဲ့တာ ဖြစ်ပေမယ့် အမေရိကန်ဘက်က သစ်ဆန်းတဲ့ အဖြေကို မပေးနိုင်တဲ့အတွက် ဆွီဒင်နိုင်ငံက ဆွေးနွေးပွဲကနေ မြောက်ကိုရီးယားက စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်ခွာသွားပါတယ်။ ဒါပေမယ့် အမေရိကန်က ဆွေးနွေးပွဲကို သီတင်းနှစ်ပတ်အတွင်း ပြန်လည်ပြုလုပ်ချင်ကြောင်း ပြောပါတယ်။

 

 

မြောက်ကိုရီးယားရဲ့ ပြောရေးဆိုခွင့်ရသူက မြောက်ကိုရီးယား-အမေရိကန် ဆွေးနွေးပွဲဟာ အမေရိကန်ရဲ့ အပြုအမူပေါ်မှာ မူတည်နေတယ်။ အမေရိကန်ရဲ့ အပြုအမူ ပြောင်းလဲရာမှာလည်း ဒီနှစ်ကုန်ပိုင်းဟာ နောက်ဆုံး သတ်မှတ်ရက်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

 

 

ဒါပေမယ့် အမေရိကန်ဘက်တော့ ဆွေးနွေးပွဲဟာ ကောင်းမွန်တဲ့ ဆွေးနွေးပွဲ ဖြစ်တယ်လို့ ပြောပါတယ်။ သီတင်းနှစ်ပတ်အတွင်း ဆွေးနွေးပွဲပြန်စရန် အိမ်ရှင်ဆွီဒင်နိုင်ရဲ့ ဖိတ်ခေါ်မှုကို အမေရိကန် အနေနဲ့ လက်ခံတာကို တွေ့ရပါတယ်။

 

 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယားနိုင်ငံက ရေငုပ်သင်္ဘောပေါ်ကနေ ဒုံးကျဉ်စမ်းသပ် ပစ်လွှတ်ခဲ့ပြီး နှစ်ရက်အကြာ ဆွီဒင်နိုင်ငံမှာ အမေရိကန်နဲ့ နျူကလီးယား ဖျက်သိမ်းရေးအတွက် ဆွေးနွေးပွဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP