၂ ဇွန်

 

အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ် မင်နီးယားပိုလစ်စ်မြို့တွင် ရဲဖမ်းဆီးခံရစဉ်မှာ သေဆုံးခဲ့တဲ့ အမေရိကန် လူမည်း အမျိုးသား ဂျော့ချ်ဖလွိုက် ရဲ့ အသုဘ အခမ်းအနားကို တက္ကဆက်မှာ ဇွန်လ ၉ ရက်မှာ ကျင်းပမယ်လို့  မိသားစုရှေ့နေက တနင်္လာနေ့မှာ ပြောကြားပါတယ်။  

 

အသက် ၄၆  နှစ်အရွယ် ဂျော့ချ်ဖလွိုင်ကို မေလ ၂၅ ရက်နေ့က ရဲက ဖမ်းဆီးစဉ်မှာ လူဖြူရဲသား ဒဲရက်ချူဗင်က ဂျော့ချ်ဖလွိုင်ရဲ့ လည်ပင်းပေါ်ကို ဒူးနဲ့ ၉ မိနစ်နီးပါးကြာအောင် တက်ဖိထားတဲ့အတွက် သေဆုံးတာ ဖြစ်ပါတယ်။

 

ဂျော့ချ်ဖလွိုင် လက်ရှိနေထိုင်ရာ မင်နီယားပိုလစ်စ်မြို့မှာ အောက်မေ့ခြင်း အခမ်းအနားကို လာမယ့် ကြာသပတေးနေ့မှာ ကျင်းပမှာဖြစ်တယ်။ အဲဒီနောက် ဂျော့ချ် မွေးဖွားရာ မြောက်ကယ်လိုရိုင်းနားပြည်နယ်မှာလည်း အောက်မေ့ခြင်းအခမ်းအနားကို လာမယ့် စနေ့နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ အင်္ဂါနေ့နေ့လယ် ၁ နာရီကနေ ၃ နာရီအထိ အသုဘအခမ်းအနားကို တက္ကဆက်ရှိ ဟူစတန် ကျင်းမှာဖြစ်ကြောင်း မိသားစုဝင်ကိုယ်စား ရှေ့နေ ဘန် ခရန့်က ပြောပါတယ်။

 

ဂျော့ချ်ဖလွိုင်ကို ဒေါ်လာ ၂၀ တန် အတုလို့ ယူဆရတဲ့ ပိုက်ဆံကို အသုံးပြုခဲ့တယ်လို့ သံသယရှိတဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံရာစဉ်မှာ ဂျော့ချ်ရဲ့ လည်ပင်းပေါ်ကို ရဲတပ်သားက ဒူးနဲ့ ထောက်ထားပုံ အစအဆုံးကို ဗီဒီယို ရိုက်ပြီး လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ အဲဒီလို ဒူးနဲ့ ထောက်ထားစဉ် အချိန်မှာ ဂျော့ချ်က သူအသက်မရှူနိုင်တော့ကြောင်း ပြောပေမယ့် ရဲတပ်ဖွဲ့ဝင်က အလျှော့မပေးခဲ့တဲ့အတွက် သေဆုံးခဲ့တာဖြစ်ပါတယ်။

 

အဲဒီသေဆုံးမှုကနေ လူမည်းတွေ အသက်ရှင်နေထိုင်တာက ပြဿနာလားလို့ဆိုပြီး ကမ္ဘာနဲ့အဝှမ်းမှာ အသားအရောင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်ဆောင်နေပါတယ်။ လူမည်းတွေ အသက်ရှင်နေထိုင်တာက ပြဿနာလား ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒပြပွဲတွေကို ၂၀၁၄ ခုနှစ် ဂျူလိုင်က တစ်ကြိမ်၊ ၂၀၁၄ နှစ်ခုနှစ် ဩဂုတ်လမှာ တစ်ကြိမ် အမေရိကန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ လုပ်ဆောင်ဖူးကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP