၉ နိုဝင်ဘာ
ဂျပန်ဝန်ကြီးချုပ် ဆူဂါက ၎င်းအနေဖြင့် အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်နှင့် တယ်လီဖုန်းဆက်သွယ်မှု ပြုလုပ်ရန်နှင့် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ခရီးသွားရောက်ရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။
ဆူဂါက ဂျိုးဘိုင်ဒင်နှင့် ၎င်း၏တွဲဖက်ဖြစ်သူ ကာမလာဟားရစ်တို့ကို ဝမ်းမြောက်ကြောင်း သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ငြိမ်းချမ်းရေးနှင့် လွတ်လပ်မှု စသည့် တစ်ကမ္ဘာလုံး အတိုင်းအတာကို မျှဝေသည့် မဟာမိတ်နိုင်ငံများ ဖြစ်သည်ဟု ဆူဂါက ဆိုသည်။
အင်ဒို-ပစိဖိတ်ဒေသတွင် ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှု ရရှိရန် ဂျပန်-အမေရိကန် မဟာမိတ်ကို ပိုမိုခိုင်မာအားဖြည့်နိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ဆူဂါက ပြောကြားခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို