၄ နိုဝင်ဘာ

 

အီရန်နိုင်ငံစီးပွားရေးအပေါ် အပျက်သဘော သက်ရောက်နေသော အမေရိကန်နိုင်ငံ၏ ရန်မူလိုသော မူဝါဒများကို ဆန့်ကျင်ဆန္ဒပြရန် ယမန်နေ့က အီရန်နိုင်ငံရှိ အမေရိကန်သံရုံးရှေ့တွင် လူအများအပြားစုဝေးခဲ့ကြသည်။

 

နိုဝင်ဘာလတွင် ပြုလုပ်လေ့ရှိသည့် လူစုလူဝေးပွဲကြီးသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ပယ်ဖျက်ခံခဲ့ရပြီးနောက် ဆန္ဒပြသူ ဦးရေ ၅၀ ခန့် စုဝေးခဲ့ကြသည်။

 

၁၉၇၉ ခုနှစ် ဓားစာခံအရေးအခင်းကာလ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် အီရန်နိုင်ငံတွင် ဆန္ဒပြပွဲများ နှစ်စဉ် ကျင်းပကြသည်။

 

ထိုနှစ်တွင် ကျောင်းသားအုပ်စုတစ်စုက အမေရိကန်သံရုံးရှိ သံတမန်များကို ရက်ပေါင်း ၄၀၀ ကျော် ကြာ ဖမ်းဆီးထားခဲ့သည်။

 

အဆိုပါအဖြစ်အပျက်ကြောင့် အမေရိကန်နိုင်ငံသည် အစ္စလာမ်အုပ်ချုပ်မှုစနစ်အသစ်ထူထောင်ခဲ့သော အီရန်နိုင်ငံနှင့်သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်။

 

ဆန္ဒပြသမားများက အမေရိကန်နိုင်ငံ ပျက်စီးပါစေဟု ကြွေးကြော်ကြကာ အမေရိကန်အလံများကို မီးရှို့ခဲ့ကြသည်။

 

ထရမ့်အစိုးရသည် ၂၀၁၈ ခုနှစ်တွင်  ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အီရန်နိုင်ငံ၏နျူကလီးယား သဘောတူညီချက်မှ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီး အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပြန်လည်ပြုလုပ်ခဲ့သည်။

 

ထိုစီးပွားရေးပိတ်ဆို့မှုသည် အီရန်ရေနံစိမ်းတင်ပို့မှုကို တားဆီးခဲ့သည်။ နိုင်ငံ၏စီးပွားရေး ထိခိုက်ခဲ့ရသည်။နိုင်ငံ၏ငွေကြေးတန်ဖိုး ကျဆင်းမှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာသည်။

 

အမေရိကန်သမ္မရွေးကောက်ပွဲရလဒ်သည် အီရန်နိုင်ငံအပေါ်ချမှတ်ထားသည့် အမေရိကန်နိုင်ငံ၏ မူဝါဒများအပေါ် အကျိုးသက်ရောက်မည်ဟု လေ့လာသူများက ဆိုသည်။

 

ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒန်က ၎င်းရွေးကောက်တင်မြှောက်ခံရပါက အမေရိကန်နိုင်ငံသည်  ၂၀၁၅ နျူကလီးယားသဘောတူညီချက် ပြန်ဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို