ဝါရှင်တန် ဇန်နဝါရီ ၁၉

 

အမေရိကန်နိုင်ငံတစ်ဝန်း အိုမီခရွန်ကူးစက်မှု များပြားလာချိန်တွင် ဘိုးဘွားရိပ်သာများတွင်လည်း ကူးစက်မှုများ တစ်ဖန်မြင့်မားလာကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (စီဒီစီ) အချက်အလက်များအရ သိရသည်။

 

ဘိုးဘွားရိပ်သာတွင် နေထိုင်ကြသူများ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၂၀၀၀ ကျော်ရှိပြီး ယခင်လကနှင့် နှိုင်းယှဉ်လျှင် ခုနစ်ဆနီးပါးတိုးလာခြင်းဖြစ်သည်ဟု စီဒီစီ၏အချက်အလက်များအရ သိရသည်။

 

သီတင်းပတ်တစ်ပတ်အတွင်း ဘိုးဘွားရိပ်သာ၌ နေထိုင်ကြသူများအနက် ကိုဗစ်-၁၉ ကြောင့်သေဆုံး သူဦးရေမှာ ၆၄၅ ဦးရှိကြောင်း သိရသည်။

 

ယခင်သီတင်းပတ်နှင့် နှိုင်းယှဉ်လျှင် ၃၀ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။ အိုမီခရွန်ကူးစက်မှုများ တိုင်းပြည်အနှံ့ ပျံ့နှံ့လာချိန် လူသေဆုံးမှုများပို၍ များပြားလာမည်ကို ကျန်းမာရေးကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။

 

ဘိုးဘွားရိပ်သာများ၌ ရောဂါကူးစက်မှုများ များလာရာ ရိပ်သာမှ ဝန်ထမ်းများက လာရောက် လည်ပတ်သူဦးရေကို လျှော့ချခြင်း၊ လူအချင်းချင်း ခပ်ခွာခွာနေကြရန် သတိပေးထားခြင်းနှင့် ဘိုးဘွားရိပ်သာတွင် နေထိုင်ကြသူများနှင့် ဝန်ထမ်းများ တတိယအကြိမ် ကာကွယ်ဆေးထိုးကြရန် တိုက်တွန်းမှုများ ပြုလုပ်ထားသည်။

 

ဆင်ဟွာ