ဝါရှင်တန် ၂၉ အောက်တိုဘာ

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်၁၉ စတင်ကူးစက်ဖြစ်ပွားခဲ့ချိန်မှ စတင်ကာ နိုင်ငံအတွင်းရှိ ကလေးငယ်ပေါင်း ၈၀၀၀၀၀ အထိ ရောဂါကူးစက်ခံခဲ့ရပြီး ကုသမှုခံယူခဲ့ရကြောင်း ကလေးငယ်များဆိုင်ရာ အမေရိကန်အကယ်ဒမီနှင့် ကလေးများဆေးရုံအသင်းက အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက် မှ အောက်တိုဘာ ၂ ရက်အထိကိုဗစ် - ၁၉ ထပ်မံကူးစက်ခံရသည့် ကလေး ငယ် အရေအတွက် ၉၄၅၅၅ ဦးရှိပြီး ယင်းပမာဏသည် လွန်ခဲ့သည့် ရက်သတ္တ နှစ်ပတ်ကျော်အကြာတွင် ကလေးငယ်များအတွင်း ရောဂါကူးစက်ခံရမှု ၁၄ ရာခိုင်နှုန်းတိုးလာခြင်း ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုရှိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ကလေးငယ် အရေအတွက် စုစုပေါင်းမှာ ၇၉၂၁၈၈ ဦးရှိပြီး ကလေးငယ်များ ရောဂါကူးစက်ခံရမှုသည် တစ်နိုင်ငံလုံးရောဂါ ကူးစက်ခံရမှု၏ ၁၁ ရာခိုင်နှုန်းရှိ ကြောင်း သိရသည်။

လူထုအတွင်း ကလေးငယ်ဦးရေ ၁၀၀၀၀၀ လျှင် ၁၀၅၃ ဦးနှုန်းဖြင့် ကိုဗစ်-၁၉ ကူးစက်ခံနေရခြင်း ဖြစ်သည့်အပြင် ကိုဗစ်- ၁၉ ကြောင့် ဆေးရုံတက်ရောက် ကုသမှုခံယူရသူ များအနက် ၃ ဒသမ ၆ ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကလေးငယ်များအတွင်း ကိုဗစ်- ၁၉ ကြောင့် အပြင်းအထန်ဖျားနာခြင်းမျိုး ဖြစ်လေ့မရှိကြောင်း အမေရိကန်ကလေးငယ်များဆိုင်ရာ အကယ်ဒမီနှင့် ကလေးများဆေးရုံအသင်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆင်ဟွာ