ဝါရှင်တန် ဖေဖော်ဝါရီ ၂၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ် ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် စီစဉ်ထားပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ ခရီးသွားရောက်မည့်အစီအစဉ်နှင့်ပတ်သက်ပြီး အိမ်ဖြူတော်အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၀ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ခေါင်းဆောင်နှစ်ဦးက တောင်ကိုရီးယားနိုင်ငံ၌ ယမန်နှစ်က ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် မြေရှားသတ္တုများအပေါ် ပိုမိုတင်းကျပ်သော တင်ပို့ထိန်းချုပ်မှုများနှင့်  ထပ်တိုးအခွန်များကို ယာယီရပ်ဆိုင်းရန် ရရှိခဲ့သော သဘောတူညီချက်ကို ဆွေးနွေးဖွယ်ရှိသည်။

သမ္မတထရမ့်၏ ယခုတရုတ်ခရီးစဉ်သည် ၎င်း၏ပထမသက်တမ်းဖြစ်သည့် ၂၀၁၇ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်