ဝါရှင်တန်၊ ဧပြီ ၁၂
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့်သမ္မတရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံရန် စီစဉ်ထားကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။
လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဂျိုးဘိုင်ဒင်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ သို့သော် တရားဝင်ကြေညာရန် အဆင်သင့် မဖြစ်သေးကြောင်း ဂျိုးဘိုင်ဒင်က ဆိုသည်။
အသက် ၈၀ အရွယ် ဂျိုးဘိုင်ဒင်သည် သမ္မတသက်တမ်း ဒုတိယသက်တမ်းအတွက် ရွေးကောက်ခံရရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သော်လည်း မည်သည့်အချိန်တွင် တရားဝင်ကြေညာမည်ကို မသိရသေးပေ။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဘိုင်ဒင်ကို ရှုံးနိမ့်ခဲ့သည့် ရီပတ်ဘလီကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်သွားမည်ဖြစ် ကြောင်း နိုဝင်ဘာလတွင် တရားဝင်ကြေညာခဲ့သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်