တိုကျို  မေ  ၂၃

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် တောင်ကိုရီးယားနိုင်ငံသို့ သုံးရက်တာ အလည်အပတ်ခရီးသွားရောက်ခဲ့ပြီးနောက် မေ ၂၂ ရက်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဖူမီ ယိုတို့သည် မေ ၂၃ ရက်တွင် တိုကျိုမြို့၌ တွေ့ဆုံမည်ဖြစ်ပြီး  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး မည်ဖြစ်ကြောင်း ယမန်နေ့သတင်းများအရ သိရသည်။

 

ဂျိုးဘိုင်ဒင်၏  ဂျပန်နိုင်ငံ ခရီးစဉ်သည်  ၎င်းအာဏာရရှိပြီး နောက် ပထမဆုံးအကြိမ်ဖြစ်သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနှင့် တွေ့ဆုံပြီးနောက် မေ ၂၄ ရက် တွင် ဂျပန်၊ အမေရိကန်၊ သြစတြေးလျနှင့် အိန္ဒိယလေးနိုင်ငံ ထိပ်သီးအစည်းအဝေး (Quad) သို့ တက်ရောက်မည်ဖြစ်ကြောင်း  သိရသည်။

 

အမေရိကန်-ဂျပန် နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး၌ ဒေသတွင်း လုံခြုံရေးအပါအဝင် ယူကရိန်းအရေး၊ စီးပွားရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် နျူကလီးယားလက်နက် ကင်းစင်ပပျောက်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ကီရှီဒါက မီဒီယာသို့ ပြောကြားသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်