ဝါရှင်တန်   ဖေဖော်ဝါရီ   ၄

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သည် လာမည့် ၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကို ကြည့်ရှုအားပေးရန် စီစဉ်ထားကြောင်း အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ဂျန်ဆာကီက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။

“ဟုတ်တယ်။ ငါတို့အားလုံး ကြည့်မယ်”ဟု ဆာကီက နေ့စဉ် အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ “အဲဒီ အားကစားပွဲကို ငါတို့စောင့်မျှော်နေတာ၊ ပြိုင်ပွဲဝင်မယ့် အမေရိကန် အားကစားသမားတွေကို ငါတို့ အားပေးရမယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပေကျင်း ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သောကြာနေ့တွင် ကျင်းပ မည်ဖြစ်သည်။ အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီ ၂ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါအားကစားပြိုင်ပွဲတွင် အမေရိကန်အားကစားသမား ၂၂၄ ဦး ပါဝင်သည်။ အိုလံပစ် အားကစား ပြိုင်ပွဲများသည် အကောင်းဆုံး လူသားဆန်မှုနှင့် အကောင်းဆုံးအားကစားပြိုင်ပွဲကို ပြသသည့် ပွဲဖြစ်သည်။

ထို့အတူ ၂၀၂၂ ပေကျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသည်လည်း အိုလံပစ်အားကစားပြိုင်ပွဲများ ကဲ့သို့ပင် အသွင်သဏ္ဌာန်နှင့် အနှစ်သာရပါ အတူတူပင်ဖြစ်ကြောင်း၊ ကွဲပြားခြားနားမှု ရှိလိမ့်မည်မဟုတ် ကြောင်း အမေရိကန် အိုလံပစ်နှင့် မသန်စွမ်းကော်မတီ အမှုဆောင်ချုပ် ဆာရာဟာရှယ်လန်က ပြီးခဲ့သည့်လက ပြောခဲ့သည်။

ဆင်ဟွာ