၁ ဇူလိုင် 

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နဲ့ ခေါင်းဆောင်ကြီး ကင်ဂျုံအန်း တို့ဟာ မြောက်ကိုရီးယား နဲ့ တောင်ကိုရီးယားတို့ကြား က စစ်မဲ့ဇုံ (DMZ)မှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲကို မြောက်ကိုရီးယားတို့က သမိုင်းဝင်တဲ့ ဆွေးနွေးပွဲတို့ ပုံဖော်နေကြောင်း နိုင်ငံရေးသုတေသီတွေက ပြောပါတယ်။ 

 

ခေါင်းဆောင်နှစ်ဦးက ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေးအတွက် အလုပ်ဖြစ်မယ့် ဆွေးနွေးတွေပွဲတွေ ပြန်လည်လုပ်ဆောင်သွားလို့ သဘောတူထားကြောင်း မြောက်ကိုရီးယား အစိုးရသတင်းဌာန (KCNA) က ကြေညာသွားပါတယ်။ 

 

ပြီးခဲ့တဲ့ စနေနေ့က အမေရိကန် သမ္မတက တောင်ကိုရီးယားကို ရောက်စဉ်မှာ မြောက်ကိုရီးယားခေါင်းဆောင်ကို တွေ့ဆုံဆွေးနွေးဖို့ တွစ်တာကနေ ဖိတ်ကြားရာကနေ ခေါင်းဆောင်နှစ်ဦး စစ်မဲ့ဇုံ (DMZ) မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ 

 

ထရန့်ဟာ တောင်ကိုရီးယား ပိုင်နက် နယ်မြေကနေ ကင်နဲ့ လက်ဆွဲနှုတ်ဆက်အပြီး မြောက်ကိုရီးယား နိုင်ငံပိုင်နက်ထဲကို လှမ်းလျှောက်သွားခဲ့ပါတယ်။ ထရန့်ဟာ သမ္မတ တာဝန်ထမ်းဆောင်စဉ် မြောက်ကိုရီးယားပိုင်နက်ထဲကို သွားရောက်ခဲ့တဲ့ ပထမဦးဆုံး အမေရိကန်သမ္မတ ဖြစ်ပါတယ်။ 

 

ဒီကနေ့ထုတ် မြောက်ကိုရီးယား အစိုးရသတင်းစာ Rodong Sinmunမှာ ခေါင်းဆောင်နှစ်ဦး စစ်မဲ့ဇုံ (DMZ)  မှာ တွေ့ဆုံလက်ဆွဲနှုတ်ဆက်တဲ့ပုံပေါင်း ၃၅ ပုံ နဲ့အတူ ကြီးမြတ်တဲ့ခေါင်းဆောင်ကြီး ကင်က ပထဝီဝင်နိုင်ငံရေးကို ပြောင်းလဲဖို့ ဦးဆောင်နေတယ်လို့ ရေးသားပြီး အစိုးရဝါဒဖြန့်ချီအနေနဲ့ ထည့်သွင်း ထုတ်ဝေတာကို တွေ့ရပါတယ်။ 

 

ခေါင်းဆောင် နှစ်ဦးဟာ ကိုရီးယားနှစ်နိုင်ငံနယ်စပ်  ပန်မွန်ဂျုံ မှာ လက်ဆွဲနှုတ်ဆက်ခဲ့တာဟာ အံ့အားသင့်စရာကောင်းတဲ့ အဖြစ်အပျက်ဖြစ်တယ် ။ ဒီနေ့ရာမှာတွေ့ဆုံဖို့ ထရန့်က အကြံပြုတယ်လို့ KCNA က ပြောပါတယ်။ 

 

ဒီဆွေးနွေးပွဲကနေ အလုပ်ဖြစ်မယ့် ဆွေးနွေးခြင်းတွေကို လာမယ့် သီတင်းပတ်များအတွင်းမှာ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 

 

MDN
ကိုးကား - AFP