၂၃ ဇွန်
ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မဒူရို က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေကြောင်း တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။ အမေရိကန်သမ္မတက ဆိုရှယ်လစ်ခေါင်းဆောင် မဒူရို အာဏာစွန့်လွှတ်ရေးအတွက် ဆွေးနွေးရန် တံခါးဖွင့်ထားကြောင်း အစောပိုင်းက ပြောဆိုခဲ့ပါတယ်။
ဗင်နီဇွဲလား အစိုးရပိုင် သတင်းဌာန AVN နဲ့ အင်တာဗျူးမှာ အချိန်ကျလာပြီဆိုရင် အမေရိကန်သမ္မတ ထရန့်နဲ့ လေးလေးစားစား တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားကြောင်း၊ ၂၀၁၅ ခုနှစ်က ဒုသမ္မတဖြစ်နေတဲ့ ဂျိုးဘိုင်ဒန်နဲ့ ဆွေးနွေးခဲ့သလိုမျိုး ထရန့်နဲ့လည်း ဆွေးနွေးစကားပြောမယ်လို့ သတင်းဌာနကို ပြောခဲ့ပါတယ်။
ဂျိုးဘိုင်ဒန်ဟာ လာမယ့် အမေရိကန် ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ထရန့်နဲ့ ယှဉ်ပြိုင်မယ့်သူ ဖြစ်ပါတယ်။
သမ္မတ မဒူရိုကို အစိုးရကို စိန်ခေါ်ခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဂွိုက်ဒိုကို သမ္မတအဖြစ် ထောက်ခံတဲ့ နိုင်ငံပေါင်း ၅၀ ကျော်မှာ အမေရိကန်နိုင်ငံဟာ အဦးဆုံးထောက်ခံခဲ့တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ခဲ့ပါတယ်။
MDN
ကိုးကား - AFP
