၄ နိုဝင်ဘာ

 

ဂျပန်ဘဏ္ဍာရေးဝန်ကြီး အေဆိုတာရိုက အမေရိကန်သမ္မတရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံက အနီးကပ်စောင့်ကြည့်နေသည်ဟု ဆိုသည်။

 

အေဆိုက အမေရိကန်နိုင်ငံသမ္မတရွေးကောက်ပွဲ ဆန္ဒမဲများ  စတင်ရေတွက်နေပြီ ဖြစ်ကြောင်း ယနေ့မနက်ပိုင်းတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

 

အမေရိကန်နိုင်ငံသည် ကာကွယ်ရေးနှင့်စီးပွားရေးတို့တွင် ဂျပန်နိုင်ငံနှင့်နီးကပ်သော ဆက်ဆံရေးရှိသည်ဟု ၎င်းက ဆိုသည်။

 

ဂျပန်နိုင်ငံအနေဖြင့် အကူအညီပေးနိုင်ခြင်းမရှိသော်လည်း မည်သူအနိုင်ရရှိသည် ဖြစ်စေ ထိုရွေးကောက်ပွဲကို စိတ်ဝင်တစားရှိကြောင်းနှင့် အနီးကပ်စောင့်ကြည့်ရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

 

အေဆိုက ထိုရွေးကောက်ပွဲ မဲရလဒ် ရရှိရန် အချိန်ယူရမည် ဖြစ်ကြောင်းနှင့် ဘဏ္ဍာရေးဈေးကွက်များအပေါ် မည်သို့အကျိုးသက်ရောက်မည်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို