၁၈ ဇူလိုင်

 


အီရန်နိုင်ငံ ဟော်မုဇ်ရေလက်ကြားတွင် လုံခြုံရေးသေချာစေရန် စီမံချက်အသစ်နှင့် ပတ်သက်သည့် အမေရိကန်နိုင်ငံ၏ သတင်းစာရှင်းလင်းပွဲသို့ ဂျပန်နိုင်ငံအစိုးရအဖွဲ့က ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ကြောင်း သိရသည်။

 


ပြီးခဲ့သည့် သီတင်းပတ်က အီရန်နိုင်ငံအပေါ် တင်းမာမှုကြီးထွာလာသည်နှင့်အတူ မဟာဗျူဟာကျသည့် ရေလမ်းတွင် သင်္ဘောများ ဖြတ်သန်းသွားလာမှု လုံခြုံရေးသေချာစေရန် ယာယီညွန့်ပေါင်းအဖွဲ့ တစ်ဖွဲ့ဖွဲ့စည်းရေးအစီအစဉ်ကို အမေရိကန်စစ်တပ်က ထုတ်ပြန်ကြေညာခဲ့သည်။

 


သောကြာနေ့တွင်ကျင်းပမည့် သတင်းစာရှင်းလင်းပွဲသို့ သက်ဆိုင်ရာနိုင်ငံများမှ သံတမန်အရာရှိများအား ဖိတ်ခေါ်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဂျပန်အစိုးရက ထိုပွဲသို့ အမေရိကန်နိုင်ငံရှိ ၎င်းတို့သံရုံးမှ တာဝန်ရှိသူများကို စေလွှတ်ရန် စဉ်းစားထားသည်ဟု သိရသည်။

 


ဂျပန်နိုင်ငံသည် အမေရိကန်အဆိုပြု ညွန့်ပေါင်းအဖွဲ့နှင့်ပူးပေါင်းရန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များကို စေလွှတ်ဖို့ အစီအစဉ်မရှိကြောင်း ကာကွယ်ရေးဝန်ကြီး Takeshi Iwaya က ယနေ့ပြောကြားခဲ့သည်။

 


ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို