အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာမှာ ဒူတာတေးကို ဒေသတွင်း ခြိမ်းခြောက်မှုတစ်ရပ်လို့ အမည်တပ်ခြင်းကို ဖိလစ်ပိုင်ရှုတ်ချ

မနီလာ ၂၁ ဖေဖော်ဝါရီ

အမေရိကန် ထောက်လှမ်းရေးအုပ်စုရဲ့ အစီရင်ခံစာမှာ ဖိလစ်ပိုင်ခေါင်းဆောင်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေကြောင်း ဖော်ပြထားမှုကို ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ ပြောခွင့်ရသူ က ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ရှုတ်ချခဲ့ပါတယ်။

အမေရိကန်ထောက်လှမ်းရေးအုပ်စုရဲ့ အကဲဖြတ်မှုကို အမြင်ကျဉ်းမြောင်းပြီး ယုတ္တိမရှိတဲ့ စွပ်စွဲချက်သာဖြစ်ကြောင်း ဟယ်ရီ ရို့က ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ သမ္မတ ဒူတာတေးဟာ အာဏာကိုတစ်ဦးတည်း ချုပ်ကိုင်လိုသူလည်းမဟုတ်ဘဲ ဥပဒေလေးစားလိုက်နာသူဖြစ်ပြီး ဖွဲ့စည်းပုံအပေါ်လည်း သစ္စာစောင့်သိသူဖြစ်ကြောင်း ရို့က တန်ပြန်တုန့်ပြန်လိုက်တာပါ။

ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ မီဒီယာတွေဟာလည်း သတင်းတုတွေပါမချန် လွတ်လွတ်လပ်လပ် ထုတ်လွှင့်၊ ပုံနှိပ်ခွင့်ရှိကြပါတယ်။ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးမှာလည်း ကမောက်ကမ မဖြစ်ပေါ်ခဲ့ပါဘူးလို့ သူက ထပ်ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတွင်းမှာ အစိုးရကို တော်လှန်ပုန်ကန်တာမျိုးမရှိသလို အမေရိကန် ထောက်လှမ်းရေး အာဏာပိုင်တွေ ပြောနေကြတဲ့ ဒူတာတေးဟာ နိုင်ငံတစ်ဝန်း မာရှယ်လောကို သတ်မှတ်ကြေညာဖို့လည်းမရှိကြောင်း ဆိုထားပါတယ်။

ဖိလစ်ပိုင်တွေရဲ့ နေ့စဉ်ဘဝမှာ  လူမှုမီဒီယာရဲ့ အရေးပါပုံကို ရို့က အလေးအနက်ပြောကြားခဲ့ပြီး အစိုးရဟာသူ့ရဲ့ ရည်မှန်းချက်တွေ ရှေ့ရောက်ဖို့  လူမှုမီဒီယာကို အသုံးချဖို့လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

(MDN)

ကိုးကား-ဆင်ဟွာ