တိုကျို၊ ဖေဖော်ဝါရီ ၂၈

 

ဂျပန်အစိုးရသည် တန်ပြန်တိုက်ခိုက်မှုစွမ်းရည်ကို  မြှင့်တင်ရန်အတွက်   အမေရိကန်လုပ်  တိုမာဟော့ခ် ခရုဇ်ဒုံးကျည် အစင်း ၄၀၀ ဝယ်ယူရန် စီစဉ်နေကြောင်း ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် ဘတ်ဂျက်ကော်မတီ ဒါရိုက်တာများ အစည်းအဝေးတွင် အာဏာရ ညွန့်ပေါင်းအဖွဲ့ဝင်များက ထုတ်ဖော်ပြောဆိုသည်။

 

ဒုံးကျည်အမြောက်အမြား ဝယ်ယူမည့် အစီအစဉ်ကို အသေးစိတ်ရှင်းလင်း ထုတ်ပြန်ပေးရန်အတွက် အတိုက်အခံ ဒီမိုကရက်တစ်ပါတီက ပြီးခဲ့သော သီတင်းပတ်တွင် အစိုးရအား တိုက်တွန်းခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက် များကို ထုတ်ဖော်ခြင်းသည် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်သဖြင့် တန်ပြန်တိုက်ခိုက်မှုစွမ်းရည် ဆိုင်ရာ အသေးစိတ်အချက်အလက်များအား ထုတ်ပြန်ပေးရန် ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ငြင်းဆိုခဲ့ သည်။

 

အန်အိတ်ချ်ကေ