၂ ဖေဖော်ဝါရီ

 

အမေရိကန်နိုင်ငံ ရောဂါကူးစက်မှု ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာများ၏ နောက်ဆုံး ထုတ်ပြန်သော သတင်းအချက်အလက်များအရ အမေရိကန်ပြည်နယ် ၃၂ ခုထက်မနည်းတွင် ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၇၀ ကျော် ရှိသည်ဟု သိရသည်။

 

အမေရိကန်တွင် တောင်အာဖရိက ဗီဇပြောင်း B.1.351 ကူးစက်ခံရသူ သုံးဦးတွေ့ရှိခဲ့ပြီး ဘရာဇီး ဗီဇပြောင်း P.1 ကူးစက်ခံရသူ တစ်ဦးတို့ကို တွေ့ရှိခဲ့သည်။

 

ဗြိတိန် မူလမျိုးကွဲ B.1.1.7 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၆၇ ဦး ရှိသည်။

 

ဒီဇင်ဘာလက ကိုဗစ်-၁၉ ရောဂါကူ းစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၇၇၀၀၀ ကျော်ရှိသည်။

 

ဇန်နဝါရီလသည် ရောဂါကူးစက်မှုကြောင့် သေဆုံးမှု အများဆုံးသောလဖြစ်ပြီး သေဆုံးသူ ၉၅၀၀၀ ကျော်ရှိသည်။

 

အမေရိကန်ပြည်ထောင်စုတွင် ယမန်နေ့ မွန်းလွဲပိုင်းအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၆ ဒသမ ၂၁ သန်းကျော်ရှိပြီး ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၄၄၁၇၀၀ ရှိကြောင်း ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်၏ နောက်ဆုံး ရရှိသောအချက်အလက်များအရ သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို